ချစ်ချင်ပေမယ့်
သံယောဇဉ်ဒဏ်
မခံနိုင်လို့ပါ....
ရင်မှဝေဒနာ
မျိုသိပ်ထားလည်း
လွမ်းသူ့ရင်မှာ
ကျွမ်းလုပြီပေါ့
အိမ်မက်ထဲက
ချစ်သူရေ...
တားဆီးချစ်စိတ်
စိုးထိတ်စိတ်နဲ့
သူ.... ပျော်နေတာပဲ
မြင်ချင်သည်။
မင်းနဲ့အဝေးရာ
ရှောင်ပြေးပုန်းလို့
စိတ်ကူးနဲ့ပဲ
ရူးတော့မည် (ချစ်တော့မည်)
တဖက်သတ်
ဆန္ဒ
ခွဲခွါရခြင်း
နှုတ်ဆက်ခြင်းက
ကံကြမ္မာကြောင့်လား
ချစ်သူရေ...
အမုန်းမရှိ
မြတ်နိုးခြင်းနဲ့
ခိုင်မြဲလက်တွေ
ယိုင်နဲ့ခဲ့ပြီ
ချစ်သူရေ....
တဆတ်ဆတ်တုန်
မင်းနှုတ်ဖျားက
မေ့ဖို့စကား
လမ်းခွဲစကားတော့
မပြောပါနဲ့
ချစ်သူရေ....
ဘယ်လိုပင်ဝေး
ခွဲခွါရလည်း
ရှုးသွပ်စွာနဲ့
ပြန်ဆုံချင်တယ်
ချစ်သူရယ်....
မျှော်လင့်ခြင်းလေး
မင်း ...
အသံကြားလိုက်ရုံနဲ့
ရူးသွပ်မိတဲ့ ငါ....
လွန်များလွန်နေမလား ?
ဘယ်ဆီမျှော်လို့
လွမ်းရပါ့မလဲ
တိတ်တခိုးချစ်ခဲ့တာ
အကြိမ်ကြိမ်ကြိုးစား
နှုတ်ခမ်းဖျားက
ပွင့်ထွက်မလာ
မျိုသိပ်၍သာ
မင်း မုန်းမှာတော့
အကြောက်ဆုံးပါ.....
ရေခြား မြေခြား
ဝေးကွာသွားလည်း
မျှော်လင့်စွာနဲ့
တန်ပြန်လာမယ့်
မင်းအချစ်ကိုတော့
လိုချင်နေတယ်.....။
ရှုံး
ငါ့ရင်ကို ပူလောင်စေတဲ့
မင်းမျက်နှာလေးကိုမှ
အိုအေစစ်လို့ ထင်နေမိတယ်.....
လေးနက်စကားတွေကိုမှ
မင်းက ပျက်ရယ်ပြုခဲ့သလား......
ရီပါ ပြုံးပါ မင်းပျော်ပါ
အပြုံးအောက်က
သွားလှလှလေးတွေပေါ်အောင်
ပြုံးလိုက်ပါ......
တကယ်တော့
တခါပြုံးတိုင်း
အသက်ရှူဖို့ မေ့သွားခဲ့တဲ့
လူတယောက်ပါ.......
စိတ်ကူး
အသံချိုချိုစကားတွေနဲ့
ဝေဒနာအပူတွေကိုပေးရော့သလား......
ပူလောင်စွာမနက်ဖြန်များစွာက
ဒီလူကိုလှောင်ပြောင်ကာထားပြီလား......
ဟန်ဆောင်ကာ မချစ်တတ်ခဲ့ပါဘူး
မင်း..... မာယာမှာ ငြိစွာရှုးပြီပေါ့......
သွေဖယ်ကာ မပြောင်းချင်တော့ပါဘူး
ရင်မှာလေ မင်းတယောက်ကိုသာရည်စူး
မျှော်လင့်ချက်တွေပျက်ဆီး
အထီးကျန်နေ့တွေဖြတ်ကျော်ရင်းနဲ့
မင်း.......................................
ဘယ်တော့များမှ ပြန်လာမှာလဲ
ချစ်သူရယ်.............................
ရေခြားမြေခြား
ဒေသအကွာ
နေရပါလို့
လွမ်းသူ့ရင်မှာ
ကျွမ်းလုပြီပေါ့
နှုတ်မဆက်ဘဲနဲ့
ထွက်သွားသူရေ.....
ဘယ်သူရင်ထဲ
မှေးစက်ရင်းနဲ့
ပျော်နေပြီလား
ချစ်သူရေ......
ဆုံနိုင်ခွင့်နေ့
မျှောင်လင့်မှန်းလို့
စက္ကန့်မလပ်
လွမ်းနေတယ်......
ကြယ်ကြွေည
မီးရောင်တွေကြား
မှုန်တိမှုန်ဝါး
ကခုန်လိုက်ကြ
ပျော်လိုက်ကြနဲ့
ခေတ်ရေစီးတိုင်း
မျှောလိုက်ကြတာ
ပစ္စပ္ပုန်မသိ
အနာဂတ်မရှိ
သံစဉ်တွေကြား
လှုပ်လီလိုက်ကြ
သောက်လိုက်ကြနဲ့
ကြယ်တွေကြွေတဲ့
ဒစ်စကို ည..............
ဘလော့ဘ်တခု
ညကတော့ ကျွန်တော့် ဘလော့ဘ်လေးကို ပြန်ပြီး ပြုပြင် လိုက်ပါတယ်။ အစ်ကို ပီကေ က ဒီဘလော့ဘ် လေးကို ၀င်ရောက် ပြုပြင်ပေး ခဲ့ပါတယ်။ ခုတော့အဆင်ပြေ သွားပါပြီ ဟိုမေး ဒီမေးနဲ့ပဲ ဘလော့ဘ်လေး တခု တည်ဆောက် နိုင်ခဲ့ပါပြီ ။ ကူညီတဲ့ သူအားလုံးကို ဒီနေရာ လေးကနေ ကျေးဇူး အထူး တင်ရှိကြောင်း၊ ၀င်ရောက်လာ သူများကလည်း ဝေဖန် အကြံပြုနိုင်ကြောင်း၊ မည်သည့် ဝေဖန်ချက် ကိုမဆို လက်ခံနိုင်ဖို့ အသင့်ရှိကြောင်း...............။
(Heart Is Broken)
အရိပ်လေး
နေ့ညတွေက အသင်္ချေ
ရက်လ နှစ်ပြောင်း
အချိန်တွေဟောင်းလဲ
မင်းပြန်မယ့်နေ့
မျှော်လင့် ဆိုင်းလို့
ရှုးသွပ်စွာနဲ့ လွမ်းနေမယ်။
ထားရင်လဲနေ
စေညွှန်ရာစေတဲ့
မင်းနှုတ်ဖျားက မုသားများတော့
ရင်မောစွာနဲ့ မျှော်နေမယ်။
ဘယ်ဆီဘယ်ပျောက်
ဘယ်ရင်ဆီရောက်လို့
မင်း ပျော်နေမယ့်
ဘ၀လေးကို မြင်ချင်တယ်။
Valentine Day (Feb 14)
'' Valentine Days" ဆိုတာလူတိုင်း သိတဲ့အတိုင်းပဲ ''ချစ်သူများနေ့''လို့ သတ်မှတ်ထားတာပါ များသောအားဖြင့် ချစ်သူများကသာ အမှတ်တရ လက်ဆောင်ပေးတာမျိုး၊ ချောကလက် ကျွေးတာမျိုးတွေပေါ့၊ ဒါပေမယ့် ကျွန်တော် စာအုပ်တအုပ်ထဲမှာ ဖတ်ဖူးတာကတော့ ချစ်သူများနေ့ဆိုတာ ကောင်လေးနဲ့ ကောင်မလေး ချစ်သူစုံတွဲများသာ မဟုတ်ဘူး မိဘကသားသမီးကို ချစ်တဲ့အချစ်၊ အစ်ကိုကညီ/ ညီမ၊ အစ်မကမောင်/ ညီမ၊ သူငယ်ချင်းက အခြား သူငယ်ချင်း တယောက်ကို ချစ်တဲ့အချစ်၊ ပြောမယ်ဆိုရင် ချစ်နိုင်တဲ့သူ တွေပေါ်မှာပဲ မူတည်ပါတယ်။ ဒါတွေကို အမှတ်တရ ဖြစ်အောင်လို့ '"Valentine Days"လို့ အမည်တွင်ခဲ့ စေတာပါ ဘယ်သူမဆို ချစ်တတ်ရင် အဲဒီနေ့ကို ကြိုနေလို့်ရပါတယ်... ကျွန်တော်လည်း စောင့်မျှော်ရင်း........................
အချစ်ဆိုတာ
''ချစ်တယ် " ဆိုတဲ့ စကားလေး တခွန်းကတော့ ပြောတဲ့ သူကရော၊ နားထောင်ရတဲ့ သူအတွက်ပါ တကယ်ပဲ စိတ်ချမ်းမြေ့စရာပါပဲ၊ ဒီစကားလေး နှစ်လုံးကို လူတွေက ဘာ့ကြောင့် ခဏခဏ သုံးနေတာလဲ ? ဒီစကားလုံးလေး တွေကလည်း လူတယောက်နဲ့ တယောက်ကြားမှာ ဘာဖြစ်လို့ မရိုးသွားရတာလဲ ?
ဒါဟာ အချစ်ရဲ့ စွမ်းအင်တွေလား၊ ဒါ့ကြောင့် အချစ်ဟာ လူတဦးနဲ့ တဦးကြားမှာ အလွန်အရေး ကြီးတယ်။
အချစ်ဟာ အစွန်း တဖက်ကနေ တဖက်ကို လွမ်းမိုးသက် ရောက်နိုင်တယ်.....
Love is very important From everyone !
Belove From pole to pole !
လျှောက်ခဲ့ဖူးတဲ့နေရာလေး
တောင်သမန်အင်း မှာရှိတဲ့ ဦးပိန်တံတား ကလည်း အထင်ကရ နေရာတခုပဲပေါ့ ၊ ညနေ ဆည်းဆာချိန် တံတားပေါ်မှာ လမ်းလျှောက်ရတဲ့ ခံစားချက်ကလည်း တမျိုးပေါ့  ရောက်ဖူးသူ တိုင်းကတော့ သိမှာပါ၊ ဒီလိုခံစားမှု မျိုးကို ဘယ်အချိန် များမှပဲ ပြန်လည်ခံစား ရမယ်ဆိုတာ မသိသေးပါဘူး၊ ရူးသွပ်စွာ ပြန်ဆုံချင်တဲ့ မန္တလေး ညနေလေး တွေပါပဲဗျာ.... ဒါကြောင့် သတိတရ ပို့စ်တင်လိုက် မိပါတယ်။





