တိတ်တခိုးလေး

ညှို့....
မျက်ဝန်းရှင်
မင်းအပြုံးလေးတွေ
စံပယ်လိုအပြစ်ကင်း
လှပလွန်းလို့ ငါ့ရင်ခွင်ထဲ
တစ်နေ့တစင်း အစင်းပေါင်းများစွာ
ထိမှန်ခဲ့သည် ဒါကိုမင်းမသိ
ထိသည့်ရင်မှာ ဝေဒနာနှင့်
မပစ်မှာလဲစိုးရိမ်သည်။

ရင်မှဝေဒနာ ဖွင့်ဟချင်လည်း
စကားစိမ်းများ ပြောကြားမလားလို့
ပူပန်စိတ်နဲ့ သူငြိုငြင်မှာလဲ
စိုးရိမ်သည်။

အဝေးကကြည့် ရင်မောစွာလွမ်း
လာရာလမ်းကမျှော်
ပြန်ရာလမ်းကစောင့်
တိတ်တခိုးချစ် အရိပ်ကလေးဖြစ်လို့
သက်ပြင်းအခါခါချ
ခေါင်းငိုက်စိုက်ကျလို့
သြော်.....
မနက်ဖြန်လည်း ရင်ဆိုင်ရအုံးမည်။

0 comments: