ချစ်သူ......
တကယ်တော့
စွန်းလွှတ်လိုက်ဖို့ဆိုတာ
သိပ်ချစ်တဲ့သူတွေအတွက်
မျက်ရည်တွေ နှလုံးသွေးတွေကို
ကြီးမားစွာ စတေးလိုက်ရတာပါ
ဖန်တီးယူခဲ့ရတဲ့ အခြေအနေတွေ
သံယောဇဉ်တွေရယ်ကို တိကနဲနေအောင်
ဖြတ်ပစ်နိုင်တာကတော့
ဆင်ခြင်တုံတရားတွေပဲ
ဘယ်လိုမှ ဆက်လျှောက်လို့
မရနိုင်တော့တဲ့ အခြေအနေမှာ
ဝေးပြီ ဆိုတဲ့အသိ
ရင်ခွင်တွေဆီ ရိုတ်ခတ်
ကျောခိုင်းခြင်းတွေနဲ့
မုန်းမေ့ကြည့်ဖို့ ကြိုးစားပြန်တော့
စီးကျလာတဲ့ မျက်ရည်
လွမ်းမောခြင်းတွေက
အဆွေးကဗျာတွေဖြစ်
သီကုံးခြင်းတွေ မဆုံးနိုင်တော့
ကြယ်စင်တွေ ကြွေတဲ့
ငါ့ဘ၀ လမိုက်ညတွေက
မှောင်မိုက်ခဲ့လို့ စမ်းတ၀ါးဝါးနဲ့
အဝေးဆုံးကိုရောက်
လမ်းပျောက်ရပြီပေါ့။
The perfect outfit to face the job interview
5 years ago



