သန်းခေါင်ယံထဲမှာ
လေဟာနယ်ထဲမှာ
မင်းနဲ့ငါ ဆုံတွေ့ခဲ့တယ်...
ကြည်လင်တောက်ပတဲ့
မင်းမျက်နှာလေးရယ်
ပါးမို့မို့လေးရယ်ဟာ နားခိုစရာ
အိမ်မတွေ့သေးတဲ့
မင်းရဲ့...
ပိုင်ဆိုင်မှုတွေပေါ့။
ငါ...
ရင်ခွင်မှာ နားခိုဖို့ တောင်းဆိုခဲ့တယ်
မင်းစံပါယ်ဖြူအပြုံးတွေနဲ့ မှေးစက်
ပျော်ရွှင်မှုနဲ့ခရီးဆက်
အပူပင်မရှိတဲ့ အချစ်နဲ့ပျော်ဝင်ခဲ့
တခါကြတော့...
အချစ်ဆိုတာ သိမ်မွေ့နုနယ်တဲ့
နှလုံးသားတွေကို ရင့်ကျက်စေတယ်တဲ့
ဒါ့ကြောင့်.......မင်း........
ငါ.....ဖျက်ကနဲနိုး
အိမ်မက် မက်နေတာပေါ့။
The perfect outfit to face the job interview
5 years ago




0 comments:
Post a Comment