ယုံပါ....
ဒီလိုချမ်းအေးလှတဲ့
ဆောင်းညချမ်းမှာတောင် ပူလောင်ပြင်းပြ
သတိရနေတယ်ဆိုတာ
ချစ်တိုင်းလည်းမညား
ညားတိုင်းလည်းမချစ်တဲ့
ရှိခဲ့ဘူးတဲ့ ဖြစ်စဉ်တွေ
ချစ်သူဘ၀ အေးချမ်းဖို့အတွက်
ပေးဆပ်လိုက်ရတဲ့ နှလုံးသားတွေ
ယနေ့ကမ္ဘာမှာ ဘယ်လောက်ထိများ
ရှိသွားပြီလဲ။
မနှစ်သက်သူရဲ့ ရင်ခွင်ထက်ထဲ
မှေးစက်နေတဲ့ နှလုံးသားတွေ
ဘ၀အမောကို ပြေစေရဲ့လား ?
စွန့်လွှတ်ဖို့ ချစ်ခဲ့တာမဟုတ်
ချစ်လို့စွန့်လွှတ်ခဲ့သည်သာ
မေ့လို့ရအောင် ကြိုးစားရင်းက
သတိရနေတယ်.....
နှလုံးသားရဲ့ထောင့်တနေရာမှာ
ရုပ်ကြွင်းအဖြစ်နဲ့သာ
မင်းအရိပ်လေးတွေကို တသက်သာ
ထာဝရအဖြစ် သိမ်းထားပါရစေတော့
ငယ်ချစ်ဦးရယ်။
The perfect outfit to face the job interview
5 years ago




0 comments:
Post a Comment