သံယောဇဉ်ရှင်းတမ်း


ငါဟာဖြစ်စဉ်တခုနဲ့ ဆန့်ကျင်စွာ
မိုက်မှားမိတယ်....
သိလိုက်ရတဲ့အချိန်ကျတော့
အရမ်းချစ်မိနေပြီ။
တကယ်တော့ ဒါဟာနှလုံးသား
ဆန္ဒတခုပါ
အနေတွေဝေး အချစ်တွေအေးလို့
ရင့်ကျက်လာတဲ့ နှလုံးသားကတောင်းဆို
မဖြစ်နိုင်တော့ပါဘူးဆိုတဲ့
ဦးနှောက်အသိ
ပွင့်ထွက်လာတဲ့ ရင်နင့်စကား
နှုတ်ဆက်စကားတွေ မကြားနိုင်တော့
ငါကြေကွဲစွာငို မျက်ရည်စိုလို့
ဇွတ်တိုးမယ်ကြံတော့ ထောက်ထားစရာကရှိ
ဆန္ဒကို သဂြိုလ်..
ဖြစ်ချင်တာကို ပြာချ...
ဖြစ်သင့်တာကို ဦးစားပေး
ရင်နင့်စွာ မေ့လိုက်ဖို့ပါပဲ။

0 comments: