စောင့်နေသူ

ရာသီတွေပြောင်း နှစ်တွေဟောင်းလို့
မပြောင်းလဲတာ ကို့ရဲ့အချစ်ပါ
ဆုံနိုင်ခွင့်နေ့ မျှောင်လင့်မှန်းလို့
စောင့်နေမိတာ အချစ်ဆုံးကိုပါ
စိတ်ချပါမောင် ပြန်ခဲ့မှာလို့
အထပ်ထပ်ပြောကြား......
မင်းနှုတ်ဖျားက မုသားများသုံး
လှည့်ဖျားလိမ်ညာ ထွက်ခွာသွားတာ
ရာစုတွေတောင် ဟောင်းကုန်ပြီ။

စောင့်ရလွန်းလို့ ရင်မောပြီ
မျှော်လင့်ချက်တွေ ပျက်စီး
ရင်ထဲမှာလည်း မြစ်တစင်း
ညများစွာထဲ ဖြတ်စီး
ငိုကြွေးခြင်းတွေ ကင်းဖို့
စာနာစိတ်နဲ့ ပြန်ခဲ့ပါတော့
ချစ်သူရယ်။

0 comments: