ပျက်စီး

တစ်သက်တာထာဝရ
တစ်ဘ၀စာ ပုံချစ်ပြီးမှဖြစ်
ကံပစ်၍ ကျန်ရစ်သောအခါ
နာကြည်းမိသည်ကား မှန်သည်
အရှုံးပွေ သမားရယ်လို့
မုန်းမေ့ဖို့သည်ကား မကြိုးစား
လမ်းပျောက်ဘ၀ စိတ္တဇညတွေက
နှိပ်စက်ပါလို့ မမေ့နိုင်ခင်
နွယ်ပင်လို တွယ်ငင်
နှောင်ထားတဲ့ ကြိုးတွေက
မလှုပ်နိုင်ပါလို့ ငါ့ရင်ဆီ
နောင်တကွေ့မှာ ကြုံခဲ့ရမှဖြစ်
ဒီ အဖြစ်မှသည် ဝေးလိုပါ၏

0 comments: